ဗြိတိန်ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှု ပြင်းထန်လာ

၁၀ ဒီဇင်ဘာ

 

ကြာသပတေးနေ့တွင် ကျင်းပတော့မည့် ဗြိတိန်နိုင်ငံ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ထိုနိုင်ငံရှိ နိုင်ငံရေးပါတီများ သည် မဲဆွယ်စည်းရုံးမှုများ ပြင်းထန်စွာလုပ်ဆောင်လာကြသည်။

 

ဘရက်ဆစ်သည် မဲဆန္ဒရှင်များ ရင်ဆိုင်နေရသည့် အရေးကြီးဆုံး ပြဿနာများအနက် တစ်ခု ဖြစ်သည်။

 

အာဏာရ ကွန်ဆာဗေးတစ် ပါတီ သည် ပါလီမန်တွင် အများစု အနိုင်ရနိုင်ချေ ရှိ၊မရှိ အပေါ် အာရုံစူးစိုက်ခဲ့သည်။

 

ဗြိတိန်နိုင်ငံသည် လာမည့်လကုန်ပိုင်းတွင် ဥရောပသမဂ္ဂမှ ထွက်ခွာသင့်သည်ဟု နိုင်ငံရေးပါတီ နှစ်ခုမှ အဖွဲ့ဝင်များက အပြင်းအထန်တောင်းဆိုခဲ့သည်။

 

ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု  တိုးတက်ရေးအတွက်  ကတိပြုပြောကြားကာ လေဘာပါတီက မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေသည်။

 

လေဘာပါတီ အနိုင်ရရှိခဲ့လျှင် ၎င်းကတိကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် ဖေဖော်ဝါရီလတွင် ဘတ်ဂျက် အစီအစဉ်ကို ထုတ်ဖော်ပြောကြားမည်ဟု ယင်းပါတီကဆိုသည်။

 

လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကော်ဘီ က နိုင်ငံအနောက်ပိုင်းတွင် မိန့်ခွန်းပြောကြားရာတွင် ၎င်းပါတီကို ထောက်ခံကြရန် မဲဆန္ဒရှင်များကို တောင်းဆိုခဲ့သည်။

 

နောက်ဆုံးစစ်တမ်းကောက်မှုအရ နိုင်ငံရေးပါတီနှစ်ခုကို ထောက်ခံသူ ၄၃ ရာခိုင်နှုန်းရှိသော်လည်း ၃၃ ရာခိုင်နှုန်းမှာ  လေဘာပါတီကို ထောက်ခံသူများဖြစ်သည်ဟု သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို