ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အထွေထွေရွေးကောက်ပွဲခေါ်ယူနိုင်ရေး ထပ်မံကြိုးပမ်းမည်

mdn

လန်ဒန် ၃၀ အောက်တိုဘာ


အထွေထွေရွေးကောက်ပွဲ စောစီးစွာ ခေါ်ယူနိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် ၏ကြိုးပမ်းချက်ကို ပါလီမန်အမတ်များက ပယ်ချပြီးနောက် စတုတ္ထအကြိမ်အဖြစ် ထပ်မံကြိုးစားသွား မည်ဟုသိရသည်။ ဒီဇင်ဘာ ၁၂ ရက် တွင် ရွေးကောက်ပွဲ စောစီးစွာခေါ်ယူ နိုင်ရေးအတွက် ဥပဒေကြမ်း တစ်ရပ်ကို ဝန်ကြီးချုပ်က ထုတ်ပြန်သွားမည်ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းအောင်မြင်နိုင်ရေး အများစု၏ ထောက်ခံချက်လိုအပ်မည်ဖြစ်သည်။


ယခင် အကြိမ်တုန်းကလို လွှတ်တော်အမတ် သုံးပုံနှစ်ပုံအထိ ထောက်ခံရန် မလိုအပ်ပေ။ သို့သော် ဘောရစ်ဂျွန်ဆင် အနေဖြင့် အဆိုပါ ဥပဒေကြမ်းလွှတ်တော်တွင် အတည်ပြုနိုင်ရေး အတိုက်အခံပါတီများမှ ထောက်ခံမဲ လိုအပ်နေဦးမည်ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်က ပါလီမန်သည်အလုပ်မဖြစ်ဟု ပြောဆိုပြီး လေဘာပါတီကမူ ဝန်ကြီးချုပ်သည် ယုံကြည်စိတ်ချရသည့် လူမဟုတ် ဟုပြောသည်။


ဘရက်ဆစ်စာချုပ်ကို လွှတ်တော်တွင် အတည်ပြုချက်ရရေး စွန့်လွှတ်လိုက်တော့မည်ဟု အစိုးရက ပြောဆို လာသည့်နောက် ယခုလို ရွေးကောက် ပွဲ စောစီးစွာခေါ်ယူရန် တွန်းအားဖြစ်လာခဲ့သည်။


ရွေးကောက်ပွဲ စောစီးစွာခေါ်ယူ နိုင်ရေးမဲပေးမှုများ လုပ်ဆောင်သည့် အခါ ကွန်ဆာဗေးတစ်အမတ်များက ထောက်ခံကြသော်လည်း လေဘာ ပါတီမှ အမတ်များမှာ မဲမပေးဘဲ နေကြသည်။ ဥရောပသမဂ္ဂမှ ဗြိတိန် အပြီးသတ် နုတ်ထွက်ရေးကို ဇန်နဝါရီ ၃၁ ရက်အထိ နောက်ဆုတ်ရန် ဥရောပသမဂ္ဂ၏ ကမ်းလှမ်းချက်ကို ဗြိတိန်ဝန်ကြီးချုပ်က တရားဝင်လက်ခံ လိုက်ပြီးနောက်ပိုင်း ရွေးကောက်ပွဲ စောစီးစွာ ခေါ်ယူရေးလှုပ်ရှားလာခြင်း ဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ဖြစ်တော့မည် မဟုတ်ပေ။ ဘောရစ်ဂျွန်ဆင်သည် ရွေးကောက်ပွဲစောစီးစွာ ခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

 

ဘီဘီစီ