ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်  ဘရစ်ဇစ်အတွက် အိုင်ယာလန်ရောက်ရှိ

၉ စက်တင်ဘာ


ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ  ဝန်ကြီးချုပ်အလုပ် ဆက်လက်လုပ်ကိုင်နိုင်ရေးနဲ့ ဘရစ်ဇစ်အစီအစဉ် ပြီးမြောက်ဖို့အတွက် ဒီကနေ့ (တနင်္လာနေ့)မှာ ပါလီမန်မှာ ဆက်လက်အတိုက်အခံလုပ်ခံရဖွယ်  ရှိနေပါသေးတယ်။ ဂျွန်ဆင်က သူ့ရဲ့ ဘရစ်ဇစ်အစီအတိုင်း EU ကနေ ဗြိတိန်နှုတ်ထွက်နိုင်ရေးအတွက် အဓိကအချက်ဖြစ်တဲ့ အနောက်တံခါး (backstop) နဲ့ပတ်သတ်ပြီး ဆွေးနွေးရန် အိုင်ယယာလန်နိုငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ 


ဂျွန်ဆင်က ဘရစ်ဇစ်မှာ သဘောတူညီချက်မရခဲ့ဘူးဆိုရင် ဗြိတိန်နဲ့ အိုင်ယာလန်အစိုးရတွေရဲ့ ကျရှုံးမှုဖြစ်တယ်လို့ ခရီးစဉ်အတွင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ 


အိုင်ယာလန်ဝန်ကြီးချုပ် လီရို ဗာရာကာကတော့ အောက်တိုဘာလအတွင်းမှာ ကျင်းပမယ့် EU နဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက်ရနိုင်သေးကြောင်း သတင်းစားရှင်းလင်းပွဲမှာပြောပါတယ်။ 


ဒါပေမယ့် အိုင်ယာလန်ဝန်ကြီးချုပ်က ဘောရစ်ဂျွန်ဆင်အနေနဲ့ ဘရစ်ဇစ်သဘောတူညီကို ရရှိအောင် ပါလီမန်ကနေတစ်ဆင့် ရရှိဖို့ဆိုတာ အောက်လွှတ်တော်မှာ ဂျွန်ဆင်ကို ထောက်ခံတဲ့သူနည်းတဲ့ချိန်မှာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ဂျွန်ဆင်ကို မေးမယ်လို့  ဂျွန်ဆင်နဲ့ မတွေ့ဆုံခင်မှာ ပြောပါတယ်။ 


ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ၄၆ နှစ်ကြာ EUထဲမှာ ဗြိတိန်နိုင်ငံရှိနေခြင်းကို အောက်တိုဘာ ၃၁ ရက်နေ့မှာ သဘောတူညီချက်နဲ့ဖြစ်စေ၊ သဘောတူညီချက်မရှိဘဲနဲ့ဖြစ်စေ ထွက်မယ်လို့ ပြောဆိုပေမယ့် ဗြိတိန်ပါလီမန်က သဘောတူညီချက်မရှိဘဲ မထွက်ခွာရေးကို ပိတ်ပင်ထားပါတယ်။ 


MDN


ကိုးကား - AFP