ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ရာထူးမှနုတ်ထွက်မည်

လန်ဒန်   ဇူလိုင်   ၈ 

ဗြိတိန်ဝန်ကြီးချုပ်    ဘောရစ်ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီအကြီးအကဲရာထူးမှ နုတ်ထွက် မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ရာထူးတာဝန်များကိုလည်း လာမည့်ဆောင်းဦးရာသီအထိသာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ယနေ့သတင်းဖော်ပြသည်။ 

လာမည့်နွေရာသီတွင် ကွန်ဆာဗေးတစ်ပါတီအကြီးအကဲရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလတွင် ကျင်းပမည့် ကွန်ဆာဗေးတစ် ပါတီကွန်ဖရင့်မတိုင်မီ နိုင်ငံ၏ဝန်ကြီးချုပ် အသစ် ကိုလည်း ရွေးချယ်သွားမည်ဖြစ်ကြောင်း မီဒီယာ များက ဆိုသည်။ 

ဘောရစ်ဂျွန်ဆင်၏ ဦးဆောင်မှုနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိသည့်အတွက် အစိုးရအဖွဲ့ဝင်အများ အပြား နုတ်ထွက်ခဲ့ပြီးနောက်   ဘောရစ်ဂျွန်ဆင် ရာထူးမှနုတ်ထွက်သည့်     သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ရာထူးမှ နုတ်ထွက်သည့်အစိုးရအဖွဲ့ဝင်ဦးရေသည် လက်ရှိအချိန်အထိ  ၅၀ နီးပါးရှိလာ ကြောင်း သိရသည်။ 

လွန်ခဲ့သော လအနည်းငယ်က ဘောရစ်ဂျွန်ဆင် သည် နိုင်ငံရေးအကျပ်အတည်းများကို ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။ ၎င်း၏ ဦးဆောင်မှုအပေါ်ပြည်သူအများအပြားသာမက ကွန်ဆာဗေးတစ်ပါတီဝင်များ အကြားတွင်ပါ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ 

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ၏ အနာဂတ် အတွက် ပါတီဝင်များက စိုးရိမ်ပူပန်လျက်ရှိသည်။ 

၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ကာ ပါတီပွဲ တက်ရောက်ခဲ့သည့်အတွက် ဒဏ်ကြေးငွေဆောင်ခဲ့ ရသည့်အပြင် ဗြိတိန်နိုင်ငံသမိုင်းတွင် ယင်းသို့ ဥပဒေ ချိုးဖောက်သည့် ပထမဆုံးသော ဗြိတိန်ဝန်ကြီးချုပ် တစ်ဦးဖြစ်လာခဲ့သည်။ 

ဘောရစ်ဂျွန်ဆင်သည် ၂၀၁၉ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ထောက်ခံမဲအသာစီးရရှိကာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ ယင်းသို့ပြည်သူ များ၏ တစ်ခဲနက်ထောက်ခံမှုရရှိခြင်းမှာ  ဗြိတိန်နိုင်ငံ အား ဥရောပသမဂ္ဂအဖွဲ့မှ နုတ်ထွက်ရန် ဘရက်ဆစ် သဘောတူညီချက်ကို အောင်မြင်စွာ    အကောင် အထည်     ဖော်ဆောင်နိုင်ခဲ့သည့်အတွက်ပင်ဖြစ် သည်။ 

ကိုးကား- ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ 
ဘာသာပြန်- အောင်ကျော်ကျော်