ဗြိတိန်ဝန်ကြီးချုပ် လွှတ်တော်မှာ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်အပြီး သူ့ရဲ့ ဘရစ်ဇစ်အစီစဉ်ဟာ အစိတ်အစိတ် အမွှာမွှာဆုတ်ဖြဲခံရသလို ဖြစ်နေ

၅ စက်တင်ဘာ

ဗြိတိန်လွှတ်တော်မှာ လွှတ်တော်အမတ်အများစုက ဝန်ကြီးချုပ်နဲ့ အလုပ်တွဲမလုပ်ဘဲ ချန်ခဲ့တာမျိုးနဲ့ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုရာမှာလည်း မအောင်မြင်ခဲ့ခြင်းက ဝန်ကြီးချုပ်အတွက် ဟာသ လုပ်ခံခဲ့ရတဲ့ သီတင်းပတ်ဖြစ်နေသလို ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်အစီအစဉ်ဟာလည်း အစိတ်အစိတ်အမွှာမွှာ ဆုတ်ဖြဲခံရသလို ဖြစ်သွားပါတယ်။ 

 

985

 

ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံဟာ သဘောတူညီချက်မရှိဘဲ ထွက်ခွာရေး ဘရစ်အစီအစဉ်ကို အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲဆန္ဒပေးပြီး ပယ်ချပြီးပေမယ့် အထက်လွှတ်တော်မှာ မနက်ဖြန် (သောကြာနေ့) မှာ နောက်ဆုံး ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ 

 

30

 

ဝန်ကြီးချုပ်ပါတီက လွှတ်တော်အမတ် ၂၁ ဦးက အတိုက်အခံနဲ့ ပူးပေါင်းပြီး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်တွေကို ကန့်ကွက်မဲပေးခဲ့ကြတာကို ဒီသီတင်းပတ်အတွင်းမှာ တွေ့ရပါတယ်။ အဲဒီ ၂၁ ဦးထဲမှာ ဝင်စတန်ချာချီရဲ့ မြေးနဲ့ ၊ ဘဏ္ဍရေးဝန်ကြီးဟောင်းတို့လည်း ပါဝင်တာကို တွေ့ရပါတယ်။ 

 

36

 

ဝန်ကြီးချုပ်က လွှတ်တော်ကို စက်တင်ဘာ ၉ ရက်နေ့ကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိ ရပ်နားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းကိုလည်း  ဒီကနေ့ ကြာသပတေးနေ့မှာ နောက်ထပ် စိန်ခေါ်မှုတစ်ခုအနေနဲ့ ဂျွန်ဆင် ရင်ဆိုင်ဖို့ရှိနေပါသေးတယ်။ 

 

283

 

ဒီကနေ့ (ကြာသပတေးနေ့) မှာ ဝန်ကြီးချုပ်ဟာ အစ္စရေးဝန်ကြီးချုပ်နဲ့ အမေရိကန်ဒုသမ္မတတို့ကို လက်ခံတွေ့ဆုံဖို့ရှိပါတယ်။ ဂျွန်ဆင်ကို ထောက်ခံတဲ့ အမေရိကန်သမ္မတ ထရန့်က ဂျွန်ဆင်က ဘယ်လိုအနိုင်ယူရမယ်ဆိုတာ သိတယ်။ သူ့အတွက် စိတ်မပူနဲ့လို့ သတင်းထောက်တွေကို မနေ့က ပြောကြားပါတယ်။ 

ဥရောပသမဂ္ဂ (EU) အတွင်းမှာ ၄၆ နှစ်ရှိပြီတဲ့  ဗြိတိန်နိုင်ငံ ပါဝင်နေခြင်းကို နောက်လထဲမှာ အပြီးသတ်ထွက်ခွာနိုင်ရေးမှာ သဘောတူညီချက်နဲ့ ထွက်ခွင့်ရဖို့အတွက် EU ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်ကပြောပေမယ့် EU ဘက်ကတော့ ဘာဆွေးနွေးချက်မှ မရရှိဘူးလို့ မနေ့က ပြောလိုက်တာကလည်း ဝန်ကြီးချုပ်ဂျွန်ဆင်အတွက် အရှက်ရစေတာမျိုး ဖြစ်စေပါတယ်။ 

ဗြိတိန်အစိုးရအတွင်းက ပေါက်ကြားလာတဲ့သတင်းအချက်အလက်အရ ဘရစ်ဇစ်မှာ သဘောတူညီချက်မရှိဘဲ ထွက်ခွာခဲ့ရင် ဗြိတိန်အနေနဲ့ အစားအစာနဲ့ လောင်စာဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နိုင်သလို ဆေးဝါးများမှာလည်း မလုံလောက်တာမျိုးနဲ့ ကြုံရနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အစိုးရက အဲဒီအခြေအနေအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ 

MDN
ကိုးကား - AFP