ဗြိတိန်ဝန်ကြီးချုပ်ကို ဘရစ်ဇစ်နဲ့ ပတ်သတ်ပြီး လွှတ်တော်အမတ်တွေက အနိုင်ယူ 

၄ စက်တင်ဘာ

ဗြိတိန်အောက်လွှတ်မှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ (EU) ကနေ သဘောတူညီချက်မရှိဘဲ ထွက်ခွာရေးကို မနေ့က မဲခွဲဆုံးဖြတ်ရာ ဝန်ကြီးချုပ်ပါတီက လွှတ်တော်အမတ်တွေ ကပါ ဝန်ကြီးချုပ်ရဲ့ အစီစဉ်ကို ကန့်ကွက်ခဲ့တာတွေ့ရပါတယ်။ 

 

098

 

မနေ့က ပြန်လည်စတင်တဲ့ ဗြိတိန်လွှတ်တော်မှာ ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်မရှိဘဲ EU ကထွက်ခွာမယ့် အစီအစဉ်ကို ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ် ၂၁ ဦးက အတိုက်ခံပါတီနဲ့ ပူးပေါင်းပြီး ဝန်ကြီးချုပ်ကို ဆန့်ကျင်ခဲ့ပါတယ်။ EU ကနေ သဘောတူညီချက်မရှိဘဲ မထွက်ခွာရေး မဲခွဲရာ ထောက်ခံမဲ ၃၂၈ မဲ၊ ကန့်ကွက်မဲ ၃၀၁ မဲနဲ့ ထောက်ခံမဲဘက်က အနိုင်ရရှိသွားပါတယ်။ 

 

0149

 

လွှတ်တော်မှာ မဲခွဲမဆုံးဖြတ်ခင်မှာ ဝန်ကြီးချုပ်က သူ့ကို ကန့်ကွက်မဲပေးခဲ့ရင် ပါတီကနေ ထုတ်ပယ်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် လွှတ်တော်ကျင်းပနေစဉ် ဝန်ကြီးဟောင်း ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော်အမတ် ဖိလစ် လီးက EU လိုလားတဲ့အတိုက်ခံပါတီ လစ်ဘရယ်ဒီမိုကရက် ပါတီဘက်ကို ပြောင်းထိုင်လိုက်တာကိုလည်း တွေ့ရပါတယ်။

 

22

 

လွှတ်တော်အမတ်တွေက EU ကနေ ထွက်ခွာရေး ရက်ပြောင်းပေးရေးကို မဲခွဲဆုံးဖြတ်ပြီးရင် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက်ကို မဲခွဲဆုံးဖြတ်ဖို့ရှိနေပါတယ်။ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး အတွက် လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံမဲပေး ဖို့လိုအပ်ပါတယ်။ 

 

61

 

အတိုက်ခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်က EUကနေ သဘောတူညီချက်မရှိဘဲ မထွက်ခွာရေးကို အစီစဉ်ကို ပထမဆုံး သဘောတူညီချက်ရပြီးမှသာ အထွေထွေရွေးကောက်ပွဲကို လိုချင်ကြောင်း ပြောပါတယ်။ 

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က EU ကနေ ထွက်ခွာရေးအတွက် သဘောတူညီချက်ကို လိုချင်တယ်။ မရခဲ့ရင် အောက်တိုဘာ ၃၁ မှာ EU ကနေ ထွက်ခွာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က EU နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးတာမျိုးကိုမတွေ့ရတဲ့အတွက် လွှတ်တော်အမတ်တွေ ဗြိတိန်ဟာ EU ကနေ သဘောတူညီချက်မရှိဘဲ မထွက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ 

EU ကနေ သဘောတူညီချက်မရှိဘဲ ဗြိတိန်နိုင်ငံထွက်ခဲ့မယ်ဆိုရင် ဗြိတိန်နိုင်ငံဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်သွယ်ရေးကနေ ဆုံးရှုံးမယ်လို့ ကုလသမဂ္ဂစီးပွားရေးပညာရှင်တွေက မနေ့က သတိပေးပြောဆိုလိုက်ပါတယ်။ 

MDN
ကိုးကား - AFP