ဗြိတိန်ဝန်ကြီးနေရာကို ယှဉ်ပြိုင်ရန် ဂျွန်ဆင်နဲ့ ဟန့် နှစ်ဦးသာကျန်ခဲ့ပြီ

၂၁ ဇွန်

ဗြိတိန်ဝန်ကြီးချုပ်နေရာကို ဘောရစ် ဂျွန်ဆင်နဲ့ ဂျရမီဟန့်တို့ကို လွှတ်တော်အမတ်တွေက မနေ့က ရွေးချယ်လိုက်ပါတယ်။ နောက်ဆုံးကျန်ခဲ့မယ့်သူဟာ နိုင်ငံကို ဦးဆောင်ပြီး ဘရစ်ဇစ်ကို ကျော်ဖြတ်ရမယ့်သူဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီဝင် လွတ်တော်အမတ်တွေရဲ့ ငါးကြိမ်မြောက် မဲပေးပြီး ရွေးချယ်ခဲ့တာဖြစ်ရာ မဲအရေအတွက်  ၃၁၃ မဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ဆင်က ၁၆၀ မဲရရှိခဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဟန့်က ၇၇ မဲ ရရှိခဲ့ပါတယ်။

 

mdn

 

ဂျွန်ဆင်နဲ့ ဟန့်တို့က  ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ သတ်မှတ်ရက် အောက်တိုဘာ ၃၁ မတိုင်မီ ထွက်နိုင်အောင်လုပ်ဆောင်မယ်လို့ ကတိပေးကြပါတယ်။

သူတို့နှစ်ဦးရဲ့ ITV ရုပ်မြင်သံကြားပေါ်မှာ မျက်နှာချင်းဆိုင် စကားရည်လုပွဲကို ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။ 

MDN
ကိုးကား - AFP

 

mdn