ဗြိတိသျှ အက်ဖ်-၃၅ တိုက်လေယာဉ်တစ်စင်း မြေထဲပင်လယ်ထဲသို့ ပျက်ကျခဲ့သော်လည်း လေယာဉ်မှူးလွတ်မြောက်

လန်ဒန် နိုဝင်ဘာ ၁၉

ဗြိတိသျှ အက်ဖ်-၃၅ တိုက်လေယာဉ်တစ်စင်း မြေထဲပင်လယ်တွင် ပုံမှန်စစ်ဆင်ရေးလုပ်ဆောင်နေစဉ်အတွင်း ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

လေယာဉ်မှူးသည် ဘေးကင်းစွာဖြင့် တော်ဝင်ရေတပ် လေယာဉ်တင်သင်္ဘော အိတ်ချ်အမ်အက်စ်ထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။

အဆိုပါ မတော်တဆမှုသည် နိုင်ငံတကာ ရေပိုင် နက်တွင် ဂရင်းနစ်စံတော်ချိန် ၁၀ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး စက်ချွတ်ယွင်းမှုလား သို့မဟုတ် လူ့အမှားလား ဆိုသည်ကို ဦးတည်ရှာဖွေလျက်ရှိသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောပေါ်တွင် ဗြိတိသျှ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် ရှစ်စင်းနှင့် အမေရိကန် မရင်းတပ်ဖွဲ့မှ ၁၂ စင်း ရှိသည်။

အသံထက်မြန်သည့် တိုက်ခိုက်ရေးဂျက် လေယာဉ်များသည် တစ်စင်းကို ပေါင် ၉၂ သန်း (အမေရိကန်ဒေါ်လာ ၁၂၄ သန်း) တန်ဖိုးရှိပြီး အမေရိကန်ကုမ္ပဏီ လော့ခ်ဟိသ်မာတင်က တည်ဆောက်ပေးခဲ့သည်။

ဆင်ဟွာ