ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး

မြောက်ဦး မေ ၂၀

 

မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ယနေ့ နံနက် ၈ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့သည် မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က(ခွဲ) လ(၁)၊ တောင်ရပ် အ.မ.က (မူလွန်) ကျောင်းများသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကျက် ပျက်စီးသွားသည့် အဆောက်အဦးများအား သွားရောက်လှည့်လည် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန်နှင့် ကျောင်းဖွင့်ရာသီ နီးလာပြီဖြစ်၍ ကျောင်းဖွင့်ရက် မတိုင်မီ ပျက်စီးသွားသည့် ကျောင်းများအား အမြန်ဆုံး ပြုပြင်ပြီးစီးနိုင်ရန်အတွက် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကို မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။

 

မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးရာသို့ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြင့်စိုး(ပြန်/ဆက်)