ဗိုလ်တထောင်မြို့နယ်၌ ရွှေဆွဲကြိုး လုယူထွက်ပြေးသူအား အရေးယူထား

နေပြည်တော် ၁၈ မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်နေ ဒေါ်မြင့်မြင့်စန်း (၄၈)နှစ်၏ တိုင်တန်းချက်အရ မတ် ၁၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ၁၀ တန်းစာမေးပွဲ ဖြေဆိုသည့် သမီးဖြစ်သူအား 7I/xxxx Suzuki ယာဉ်နောက်ခန်းတွင် ထိုင်လျက်စောင့်ဆိုင်းနေစဉ် မူဆယ်မြို့နယ်၊ ဟိုခိုရပ်ကွက်နေ အောင်ကြည် (၂၈)နှစ် ရောက်ရှိလာပြီး ၎င်းဝတ်ဆင်ထားသည့် အလေးချိန် ၄ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံးအား လုယူထွက်ပြေးသဖြင့် စာမေးပွဲလုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းနှင့် အောင်ကြည်အား ဗိုလ်တထောင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား