ဗိုလ်တထောင်မြို့နယ်တွင် တင်နာအငွေ့များ အပူချိန်လွန်ကဲရာမှ ပေါက်ကွဲမှု ဖြစ်ပွား၍ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

နေပြည်တော်  ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် မိသားစုရပ်ကွက်ရှိ သိမ်ဖြူသင်္ဘောကျင်း၌ ဩဂုတ် ရက်နေ့ နာရီအချိန်က ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ဦးသေဆုံး၊ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ Upland သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီမှ ဆေးမှုတ်တာဝန်ခံဖြစ်သူ ထွန်းထွန်းဦး(၄၆)နှစ်ပါ ဦးစီးအဖွဲ့သည် မြန်မာဆိပ်ကမ်း အာဏာပိုင် အဖွဲ့ပိုင် ဆောက်လက်စသင်္ဘော၏ ရေတိုင်ကီခန်း အတွင်း၌ ဆေးသုတ်နေစဉ် ဆေးနှင့်ရောစပ်ထားသော တင်နာအငွေ့များ အပူချိန်လွန်ကဲရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရေတိုင်ကီခန်းအတွင်း ဆေးမှုတ်နေသည့် နိုင်လင်းထွန်း(၃၅)နှစ်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ထွန်းထွန်း(၃၅)နှစ်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထွန်းထွန်းဦးအား ဗိုလ်တထောင်မြို့မရဲစခန်း က အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

သတင်းစဉ်