ဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်း မြန်ဆန်ကြောင်း တောင်အာဖရိကနိုင်ငံ သတိပေး

၂၅ ဒီဇင်ဘာ

 

 

တောင်အာဖရိက နိုင်ငံတွင် ကူးစက်မှု ဒုတိယလှိုင်းအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု လျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေး အာဏာပိုင်များက သတိပေးခဲ့သည်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုများ ဇူလိုင်လအတွင်း အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း နိုဝင်ဘာလနှောင်းပိုင်းမှစပြီး ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

 

 

 ဒီဇင်ဘာလ ၂၃ ရက်က ဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၄၀၀၀ ကျော်လွန်ခဲ့သည်။

 

 

ယခုဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများသည် ပထမလှိုင်းထက် ပိုမိုကူးစက်မှု မြန်ဆန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဇာဝီလီမင်ဇီက ပြောကြားခဲ့သည်။

 

 

ယခုဖြစ်ပေါ်နေသည့် ဒုတိယလှိုင်း ကူးစက်မှုများသည် ပထမလှိုင်း ကူးစက်မှုများထက် ကူးစက်မှုများ ပိုမို များပြားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကူးစက်မှုကြောင့် ဒုတိယလှိုင်း ဖြစ်ပေါ်နေသည်ဟု ၄င်းတို့က ယူဆသည်။

 

 

တောင်အာဖရိကတွင် တွေ့ရှိရသည့် ဗိုင်းရပ်စ်မျိုးကွဲသည် ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် ဗိုင်းရပ်စ်မျိုးကွဲနှင့် မတူညီကြောင်း WHO က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်