ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် ဥရောပနဲ့ ဘရာဇီးနိုင်ငံတွေကနေ အမေရိကန်နိုင်ငံအား လာရောက်ခွင့်တားမြစ်ချက်ကို ထရမ့် ဖယ်ရှား

၁၉ ဇန်နဝါရီ

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ဉရောပနိုင်ငံ အများစုနဲ့ ဘရာဇီးနိုင်ငံ တွေကနေ အမေရိကန်နိုင်ငံအား လာရောက်ခွင့်အား ပိတ်ပင်ထားခဲ့ပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန်နဲ့ ပြန်လည် ဝင်ခွင့်ပြုမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

 

 

အဲဒီနိုင်ငံတွေကနေ လေကြောင်းနဲ့ လာရောက်သူတိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကင်းစင်ကြောင်း ထောက်ခံစာနဲ့အတူ ဇန်နဝါရီ ၂၆ ရက်က စပြီး အမေရိကန်ကို လာရောက်နိုင်ကြောင်း သိရပါတယ်။

 

 

အိမ်ဖြူတော်က ထုတ်ပြန်ချက်ထဲမှာ အမေရိကန် နိုင်ငံသားတွေအား ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကနေ ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းနဲ့ အလုံခြုံဆုံး ခရီးသွားလာခြင်း ပြန်လည်စတင်ရန်အတွက် အခုလို ဆုံးဖြတ်တာလို့  သမ္မတ ထရမ့်က ပြောပါတယ်။

 

 

တရုတ်နဲ့ အီရန် နိုင်ငံတွေကနေ လာရောက်ခွင့်ကိုတော့ ဆက်လက် ပိတ်ထားဆဲဖြစ်ပါတယ်။

 

 

ရောဂါပိုး ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ (CDC)က အမေရိကန်နိုင်ငံကို လာရောက်မယ့်သူတိုင်း ခရီးမစတင်မီ သုံးရက်အတွင်း ရရှိထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း  လိုအပ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။

 

 

ဒါ့အပြင် အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသွားတွေဟာ ၃ ရက်ကနေ ၅ ရက် အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ထပ်မံစစ်ဆေးရန်နဲ့ အနည်းဆုံး ၇ ရက် နေအိမ်မှာ နေထိုင်ရန် CDC က အကြံပြု ထားပါတယ်။

 

 

ကပ်ရောဂါပိုးဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အသစ်က ရောက်ပြီးပြီလို့ ကူးစက်ရောဂါ ပညာရှင်အချို့က ခန့်မှန်းထားပါတယ်။

 

 

အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ၂၄ သန်း ကျော်နဲ့ သေဆုံးသူဟာ ၄၀၀,၀၀၀ နီးပါး ရှိနေကြောင်း ဇန်နဝါရီ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a1