ဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ပြီဖြစ်တဲ့ တရုတ်နိုင်ငံကို  အမေရိကန် နိုင်ငံသားတွေ ခရီးသွားနိုင်ကြောင်း ထုတ်ပြန်

၁၅ စက်တင်ဘာ

 

 

အမေရိကန် နိုင်ငံသားတွေအား ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့ နေတဲ့အတွက် ခရီးသွားလာရေးမှာ သတိပေးထားတဲ့ နိုင်ငံများ စာရင်းမှ တရုတ်နိုင်ငံအား တနင်္လာနေ့က ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။

 

 

တရုတ်နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တဲ့အတွက် အမေရိကန် နိုင်ငံသားတွေအား တရုတ်နိုင်ငံကို ခရီးသွားရေး ပြန်လည် စဉ်းစားနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံမှာ မူလတန်းကြိုကျောင်းများနဲ့ ကျောင်းများ အပါအဝင် စီးပွားရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေကြောင်း၊ တခြားတိုးတက်မှုတွေကတော့ တရုတ်နိုင်ငံ အတွင်းမှာ ကြေညာထားကြောင်း ဖော်ပြထားပါတယ်။

 

 

အခုထုတ်ပြန်ချက်ဟာ တရုတ်သမ္မတရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို အောင်မြင် အနိုင်ယူနိုင်တဲ့ ကျန်းမာရေး လုပ်သားတွေကို ဂုဏ်ပြု အခမ်းအနား ပြုလုပ်ပြီး သီတင်း တစ်ပတ် အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားရာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၅,၂၀၂ ဦး ရှိပြီး သေဆုံးသူကတော့ ၄,၆၃၄ ဦးရှိကြောင်း သိရပြီး အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆,၇၄၉,၂၈၉ ဦးထဲမှ သေဆုံးသူ ၁၉၉,၀၀၀ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

 

mdn