ဗိုင်းရပ်စ်ပိုးကူးစက်ခံရဖူးတဲ့ သမ္မတထရမ့် မဲဆွယ်ပွဲမှာ မျက်နှာဖုံးဝတ်ဆင်ခြင်းမရှိ

၁၃ အောက်တိုဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပြန်လည်စတင်တဲ့ မဲဆွယ်ခရီးစဉ်မှာ မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိတာကို တွေ့ရပါတယ်။ သမ္မတထရမ့်ဟာ ဒီလဆန်းပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အတွက် သမ္မရွေးကောက်ပွဲမဲဆွယ်ခရီးစဉ်တွေအားလုံးကို ရပ်ဆိုင်းထားခဲ့ပါတယ်။

 

တနင်္လာနေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ဖလော်ရေဒါမှာ ပြုလုပ်မယ့် မဲဆွယ်ပွဲခရီးစဉ်ကို ထရမ့်က မျက်နှာဖုံးဝတ်ဆင်မရှိဘဲ Air Force One လေယာဉ်ပေါ်ကို တက်သွားသလို မဲဆွယ်ပွဲမှာလည်း မျက်နှာဖုံးဝတ်ဆင်ထားခြင်း မရှိတာကိုတွေ့ရပါတယ်။

 

အိမ်ဖြူတော် ဆရာဝန်အဖွဲ့က သမ္မတ ထရမ့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်ရာ ရောဂါပိုးမတွေ့ရှိကြောင်း၊ ထရမ့်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရပြီး ၁၀ ရက်ကြာ စမ်းသပ်မှုမှာ ပိုးမတွေ့ခဲ့ဖြစ်ကြောင်း အိမ်ဖြူတော်ဆရာဝန် ရှောင် ကွန်လေးက တနင်္လာနေ့က ကြေညာပါတယ်။

 

အိမ်ဖြူတော် ဆရာဝန် ရှောင်ကွန်လေးရဲ့ ကြေညာချက်ဟာ သမ္မတ ဖလော်ရေဒါကို သွားနေစဉ်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP