ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် လော့အန်ဂျလိစ်က ဘားတွေ ပြန်ပိတ်ဖို့ အမိန့်ထုတ်ထား

၂၉ ဇွန်

 

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ လော့အန်ဂျလိစ်နဲ့ တခြားကောင်တီ ခြောက်ခုမှာ ရှိတဲ့ ဘားတွေကို ပိတ်ထားဖို့ တနင်္ဂနွေက အမိန့်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များလာပြီးနောက် အခုလို ဘားတွေကို ပြန်ပိတ်ဖို့ အမိန့်ထုတ် တာဖြစ်ပါတယ်။

 

 

ကယ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ ဖရော်ရေဒါ ပြည်နယ်တွေဟာ အမေရိကန်နိုင်ငံရဲ့ လူနေထူထပ်တဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။

 

 

တက္ကဆက်နဲ့ ဖရော်ရေဒါ ပြည်နယ်တွေမှာလည်း ဘားတွေကို အရက်သေစာရောင်းခွင့် မပြုရန် အမိန့်ထုတ်ထားပြီး ဖြစ်ပါတယ်။

 

 

ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိသူ များပြားလာတဲ့အတွက် ဖရန်နို၊ အင်ပီးရီးယား၊ကီရန်၊ ကင်းစ်၊ လော့အန်ဂျလိစ်၊ ဆန်ဂျိုလင်းနဲ့ တူလား မှာရှိတဲ့ ဘားတွေ အားလုံးပြန်ပိတ်ထားရန် တွစ်တာမှာ ရေးသားထားပါတယ်။

 

 

ကယ်လီဖိုးနီးယားရှိ ဘားတော်တော်များများကို  ဇွန် ၁၂ ရက်နေ့က ဖွင့်ခွင့် ပေးခဲ့ပါတယ်။ လော့အန်ဂျလိစ်မှ ဘားတွေကိုတော့ ဇွန် ၁၉ ရက်နေ့မှာ ဖွင့်ခွင့်ပေးခဲ့ပြီး ဇွန် ၂၈ ရက်မှာ ပိတ်ရန် အမိန့်ပြန်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂,၆၃၇,ဝ၇၇ ဦးနဲ့ သေဆုံးသူ ၁၂၈,၄၃၇ ဦးရှိကြောင်း ဇွန် ၂၉ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

 

MDN

ကိုးကား - AFP