ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၅၀,၀၀၀ ကျော် ရှိသွား

၉ ဇူလိုင်

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၅၅၀,၀၀၀ ကျော် ရှိသွားကြောင်း ကြာသပတေးနေ့ ထုတ်ပြန်တဲ့ AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

သေဆုံးသူအရေအတွက် စုစုပေါင်းရဲ့ တစ်ဝက်ကျော်ဟာ အမေရိကန်၊ ဘရာဇီး၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေက ဖြစ်ပါတယ်။

 

ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂,၀၈၁,၅၁၆ ဦးထဲမှ ၅၅၀,၀၁၃ ဦး သေဆုံးကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၁၃၂,၃၀၉ ဦး၊ ဘရာဇီးနိုင်ငံမှာ ၆၇,၉၆၄ ဦး၊ ဗြိတိန်နိုင်ငံမှာ ၄၄,၅၁၇ ဦး နဲ့ အီတလီနိုင်ငံမှာ ၃၄,၉၁၄ ဦး သေဆုံးကြောင်း သိရပါတယ်။

 

ဉရောပတိုက်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂,၇၈၂,၀၃၂ ဦးထဲမှ သေဆုံးသူ ၂၀၁,၁၂၄ ဦး ရှိတဲ့အတွက် ကပ်ရောဂါပိုးဒဏ်အခံရဆုံး တိုက်ဖြစ်ပါတယ်။

 

ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆,၄၄၇,၉၀၉ ဦး ရှိပြီး အရေအတွက် တစ်ဝက်ကျော်ဟာ ပြန်လည်ကျန်းမာပြီးကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

 

MDN

ကိုးကား - AFP