ဗင်နီဇွဲလား နေရပ်စွန့်ခွာသူအရေအတွက် ယခုနှစ်အတွင်း ငါးသန်းခန့် မြင့်တက်ဖွယ်

ကာရာကတ်စ် ၁၁ ဖေဖော်ဝါရီ 

 

ဗင်နီဇွဲလားနိုင်ငံရေး အရှုပ်တော်ပုံအတွင်း နိ်ုင်ငံအတွင်းမှ နေရပ်စွန့်ခွာသွားသူ    အရေအတွက်သည်  ယခုနှစ်ကုန်ပိုင်းမတိုင်မီ ငါးသန်းခန့်ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂအဖွဲ့နှင့် အခြားသော  လူ့အခွင့်အရေးအဖွဲ့အစည်းများက        ခန့်မှန်းထားကြောင်း      ယမံနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

နိုင်ငံအတွင်းရှိ လူဦးရေ  ၁၀  ရာခိုင်နှုန်းဖြစ်သော ပြည်သူ သုံးသန်းကျော်သည်  အစာရေစာနှင့်  ဆေးဝါး  ထောက်ပံ့မှု ပြတ်လပ်ခြင်းတို့ကြောင့် လွန်ခဲ့သော နှစ်အဆုံးပိုင်းတွင် နေရပ်စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသွားခဲ့သည်။

 

ဗင်နီဇွဲလားအရေးသည် နိုင်ငံတကာအသိုက်အဝန်းကို ဂယက်ရိုက်ခတ်သွားပြီး အသွင်မတူသော ထောက်ခံမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်နှင့် ဥရောပ နိုင်ငံအချို့က  အတိုက်အခံခေါင်းဆောင် ဂွါအီဒိုအား ထောက်ခံလျက်ရှိပြီး တရုတ်နှင့် ရုရှားနိုင်ငံတို့က သမ္မတ မာဒူရိုအား ထောက်ခံကြသည်။

 

ဝါရှင်တန်အနေဖြင့် သမ္မတမာဒူရိုအား ဆန့်ကျင်ဆန္ဒထုတ်ဖော်ကြသည့်  ပြည်သူများအား  ထောက်ပံ့ပေးရန်ရည်ရွယ်ချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများ စတင်ချမှတ်ခဲ့သည်။ သို့သော် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံအတွင်း  အစားအစာနှင့်  ဆေးဝါး  ပြတ်လပ်မှု ပြဿနာများကို ပိုမိုကြီးထွားစေပြီး ပြည်သူအများအပြားကို နေရပ်စွန့်ခွာသွားရန် တွန်းအားပေးမှုဖြစ်စေခဲ့သည်။

 

လွန်ခဲ့သော လအနည်းငယ်အတွင်း အိမ်နီးချင်းနိုင်ငံဖြစ်သည့် ကိုလံဘီယာနိုင်ငံက  ဗင်နီဇွဲလားပြည်သူ  ၁  ဒသမ ၁၇ သန်းကို လက်ခံထားပြီးဖြစ်သည်။ ယင်းအရေ အတွက်သည် ဒေသတွင်း၌ အမြင့်မားဆုံး နေရပ်စွန့်ခွာဒုက္ခသည်အရေအတွက်ဖြစ်သည်။ ပီရူးနှင့် အီကွေဒေါနိုင်ငံများက ၂၅၀ဝ၀ဝ ခန့် ပြည်သူများကို လက်ခံထားကြောင်း သိရသည်။

 

ကုလသမဂ္ဂအဖွဲ့နှင့် အခြားသောလူ့အခွင့်အရေးအဖွဲ့များက ယခုနှစ်ကုန်ပိုင်းမတိုင်မီ ဗင်နီဇွဲလားမှ နေရပ်စွန့်ခွာ ပြည်သူအရေအတွက်  ငါးသန်းခန့်  ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။      

                

 အင်န်အိတ်ချ်ကေ