ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် ဂွိုက်ဒို ဥပရောကို သွားရောက်စဉ် ထောက်လှမ်းရေးအဖွဲ့က ရုံးခန်းကို ဝင်ရောက်စီးနင်း

၂၂ ဇန်နဝါရီ

 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုရဲ့ရုံးခန်းကို ထောက်လှမ်းရေးအဖွဲ့ဝင် (SEBIN) တွေက အင်္ဂါနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။ ဂွိုက်ဒိုဟာ ဥရောပနိုင်ငံတွေကို သွားရောက်နေကြောင်း အတိုက်ခံလွှတ်တော်အမတ် ဒယ်ဆာ ဆိုလာဇာနိုက သတင်းထောက်တွေကို ပြောကြားပါတယ်။

 

9

 

ဂွိုက်ဒိုဟာ ဗြိတိန်ကိုရောက်နေတာဖြစ်ပြီး ဝန်ကြီးချုပ်ဂျွန်ဆင်နဲ့ တွေ့ဆုံနေစဉ် အခုလို သူ့ရုံးခန်းကို ဝင်ရောက်စီးနင်းခြင်းကို “သူရဲပေါကြောင်တဲ့ အာဏာသိမ်းမှု”လို့ သူ့တွစ်တာမှာ ရေးသားလိုက်ပါတယ်။

 

အမျိုးသားလွှတ်တော်ဥက္ကဌ ဂွိုက်ဒိုကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က သမ္မတအဖြစ် လက်ခံထားပြီး ဖြစ်ပါတယ်။  သမ္မတ မာဒူရိုကို ဗင်နီဇွဲလားစစ်တပ်က ထောက်ခံပေးနေတဲ့အတွက် မာဒူရိုမှာ အာဏာဆက်လက်ရှိနေခြင်းဖြစ်ပါတယ်။

 

5

 

အတိုက်ခံအမတ်တွေကိုပါ ရုံးခန်းတွေထဲ ဝင်ရောက်ခွင့်မရအောင် ထောက်လှမ်းရေးအဖွဲ့ဝင်တွေက တားမြစ်တာမျိုးအထိ လုပ်ဆောင်နေပါတယ်။

 

MDN

ကိုးကား -AFP