ကန်ဘာရာ ဇူလိုင် ၂
ဗင်နီဇွဲလားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် ကူညီပေးသွားမည်ဟု ဩစတြေးလျအစိုးရက ဇူလိုင် ၂ ရက်တွင် ကတိပြုပြောကြားခဲ့သည်။
ဇွန် ၂၄ ရက်က ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးနှစ်ခုကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသများရှိ လူမှုအသိုက်အဝန်းများကို အဆိုပါရန်ပုံငွေဖြင့် ထောက်ပံ့ကူညီသွားမည်ဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး အန်အလီ က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အရေးပေါ် အစားအသောက်၊ ခိုလှုံရာနေရာ၊ ရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့အတွက် ဩစတြေးလျနိုင်ငံမှ ကူညီပေးသည့် ရန်ပုံငွေများကို အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် ကယ်ဆယ်ရေးသမားများနှင့် ဒေသဆိုင်ရာအာဏာပိုင်များအတွက် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက်ပါ အထောက်အကူပြုမည်ဟု သိရသည်။
ဆင်ဟွာ


