ဗန်းမော် ၊ လွယ်ဂျယ်၊ သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၁၁  မတ်               
    

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် ည ၈ နာရီက ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းလမ်းကြားတွင် မယွန်းသန္တာထွန်း အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်။

 

1


             

အလားတူ မတ် ၁၀ ရက် မွန်းလွဲပိုင်းက လွယ်ဂျယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း  အဖွဲ့သည် လွယ်ဂျယ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ထင်းရှူးတော၌ တရုတ်နိုင်ငံသား မာဒွတ် မောင်းနှင်ပြီး မမာဖန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ  ဘိန်းဖြူ ၈၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၃၀  တို့ကို လည်းကောင်း၊      

 

1

     
    

ထို့အတူ မတ် ၉ ရက် ည ၁၁ နာရီခွဲက သိန္နီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ပိန်းဆာကျေးရွာအုပ်စု၊ ပန်စုံကျေးရွာနေ စိုးအောင်၏နေအိမ်မှ အက်စီတစ်အင်ဟိုက်ဒြိုက် ၁,၄၄၀ လီတာ၊ ကဖင်း ၂၀ဝ ကီလိုနှင့် မော်တော်ယာဉ်တစ်စီး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ပိန်းဆာကျေးရွာအုပ်စု၊ ချောင်းဆာကျေးရွာနေ သိန်းဇော် အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင်‌့ အရေးယူထားရှိပြီး ကွင်းဆက်အရ မတ် ၁၀ ရက် ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့သည် ပန်စုံကျေးရွာနှင့် ဆွန်ခိုင်းကျေးရွာသွားလမ်းမတွင် လူမရှိဘဲရပ်ထားသည့် ALPHARD အမျိုးအစားမော်တော်ယာဉ်နှစ်စီးကို စစ်ဆေးရှာဖွေရာ ပထမအစီး၌ အက်စစ်တစ်အင်ဟိုက်ဒြိုက် ၁,၄၄၀ လီတာ၊ ကဖင်း ၂၀ဝ ကီလို၊ ဒုတိယအစီး၌ အက်စစ်တစ် အင်ဟိုက်ဒြိုက် ၁,၂၆၀ လီတာ၊ ကဖင်း ၂၀ဝ ကီလိုတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။


(သတင်းစဉ်)

 

1