ဗန်းမောက်မြို့နယ်အတွင်းမှ တရားမဝင်ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသား ၁၇ ဒသမ ၇၃၅၂ တန် ဖမ်းမိခဲ့

ဗန်းမောက်  ၂၆  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဝါးဖြူတောင်ခြေနေရာမှ တရားမဝင်ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇူလိုင် ၂၅ ရက်  မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးစီးသော အဖွဲ့သည် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လိုက်ပါလျှက် ဗန်းမောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် ဗန်းမောက်မြို့နယ်၊ မံကပ်ကျေးရွာအနီး၊ ဝါးဖြူတောင်ခြေနေရာမှ တရားမဝင် ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသား ၁၇ ဒသမ ၇၃၅၂ တန်နှင့် အတူ တုန်ဖုန်းအမျိုးအစား ခြောက်ဘီးယာဉ် တစ်စီးဖမ်းဆီးရမိခဲ့သဖြင့် ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

လူအောင်(ကသာ)