ဗန်းမောက်မြို့နယ်၌ ဣစ္ဆာဿယဇလုံတောင်တော်ရှိ ဘုရားစေတီများနှင့် ကျောက်မဏ္ဍပ်ဘုရားစေတီများတွင် (၂၄)နာရီ လျှပ်စစ်မီးများရရှိ

ဗန်းမောက် ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားဖြစ်သော ဣစ္ဆာဿယ ဇလုံတောင်တော်ဘုရားစေတီများနှင့် ကျောက်မဏ္ဍပ်ဘုရားစေတီများတွင် ဒီဇင်ဘာ ၁၅ရက်မှစပြီး (၂၄)နာရီလျှပ်စစ်မီးများ ရရှိနေပြီဖြစ်သည်။

ခမိုးကျေးရွာမှ ဣစ္ဆာဿယဇလုံတောင်တော်ရင်ပြင်နှင့် ကျောက်မဏ္ဍပ်ရင်ပြင်တော်အထိ ၂၀၀ ကေဗွီ အေ ထရန်စဖော်မာ တစ်လုံးနှင့် ၁၁ကေဗွီဓာတ်အားလိုင်းတို့ကို တည်ဆောက်ခြင်း၊ လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းနှင့် လျှပ်စစ်မီးကွန်ကရစ်တိုင်များ စိုက်ထူးခြင်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၁၃၄.၁၁)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော စည်ပိုင်ဖြိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)