ဗန်းမောက်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေပိသေဆုံး

ဗန်းမောက်  ၃၁  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာအနီး၊ မန်ကျီးပင်လျှိုအတွင်း ရွှေလုပ်ကွက်ဟောင်းနေရာတွင် အမျိုးသားတစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဗန်းမောက်မြို့မ ရဲစခန်းမှူးဒုရဲမှူး ခိုင်စိုးထွန်းသည် အမျိုးသားတစ်ဦး မြေပိသေဆုံးနေကြာင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ မိုးမိတ်မြို့နယ်၊ ဘော်ဒေဈေး ကျေးရွာနေ နော်ဆန်းအောင်ဆိုသူသည် ဗန်းမောက်မြို့နယ်၊ ပေကုန်းကျေးရွာအနီး၊ မန်းကျီးပင်လျှိုအတွင်းရှိ ရွှေလုပ်ကွက်ဟောင်းနေရာတွင် ရွှေတူးဖော်နေစဉ်မြေစာများ ပြိုကျလာပြီး မြေပိသေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဗန်းမောက်မြို့မ ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)