ဗန်းမော်မြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပ

ဗန်းမော် မေ ၂၄

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် မေ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ''ပညာဝန်းခင်း''သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က “အတန်းစဉ် ကျောင်းထွက်နှုန်းကျဆင်းပြီး အလယ်တန်းနှင့် အထက်တန်း ပညာပြီးဆုံးသည့်အထိ ကျောင်းနေမြဲရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ မိဘပြည်သူများ လူမှုရေးအသင်းဖွဲ့မျာက ပူးပေါင်းပါဝင်ပြီး မျက်မှောက်ကာလ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကြရေး” တိုက်တွန်းစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတက်မည့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်က အခမဲ့ပေးအပ်သည့် ပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံနှင့် ဘောပင်များကို ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးအား ပေးအပ်ပြီး အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပန်းများဝေစီ ဖူးပွင့်နေသည်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)