ဗန်းမော်မြို့နယ်၊ ချောက်မြို့နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ဗန်းမော်မြို့နယ်၊ ချောက်မြို့နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဗန်းမော်မြို့နယ်၊ စင့်ကင် ကျေးရွာအုပ်စု၊ စင့်ကင်ကျေးရွာ (အထက်စု)ရှိ မဖြူခင် ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်နေ ငြိမ်းချမ်းဦး(ခ) ဘီလူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄,၅၄၀ နှင့် မြန်မာငွေကျပ် ၁၆၃,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင်  မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေကျေးရွာအုပ်စု၊ ကင်းတားကျေးရွာအနီးတွင် ချစ်ကို မောင်းနှင်ပြီး မနုဝါ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၅,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေကျေးရွာအုပ်စု၊ ကင်းတားကျေးရွာအနီးတွင် မဝင်း မောင်းနှင်ပြီး မစန္ဒာဦး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူ ထားကြောင်း သိရသည်။

သတင်းစဉ်