ဗန်းမော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာအုပ်စု၊ မံရွတ်ကျေးရွာ တံတားအနီးရှိ ဗန်းမော်-မန္တလေးသွားကားလမ်းတွင် ကျော်ဌေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ငွေကျပ်သိန်း ၁,၀၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅၁,၀၀၀ ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)