ဗန်းမော်မြို့တွင် ခရိုင်အားကစားခန်းမ အဆောက်အဦ အုတ်မြစ်ပန္နက်တင်ပွဲ အခမ်းအနားကျင်းပ

ဗန်းမော်  ၃၁ ဇူလိုင်  
    

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧရာနဂါးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ဗန်းမော်ခရိုင် အားကစားခန်းမ အဆောက်အဦ အုတ်မြစ်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီက မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပသည်။
    

အဆိုပါ ဗန်းမော်ခရိုင်အားကစားခန်းမကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၂၄၃)ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း  အခမ်းအနားသို့ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က ပန္နက်တင်ပေးခဲ့ကြကြောင်း သိရသည်။  


သျှမ်းကလေး(ဗန်းမော်)

 

1