ဗန်းမော်နှင့် တောင်ကြီးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင်   ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက်တွင် မကိုင်ထန် မောင်းနှင်ပြီး မခေါင်နန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီတွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဟိန်းထွန်း (ခ) ဖိုးခွားကို စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။     

 

ရဲပြန်ကြား