Britain's Got Talent ပြိုင်ပွဲ ရိုက်ကူးရေးဖျက်သိမ်းခဲ့ရ

၉ ဇန်နဝါရီ

လတ်တလောမှာ ကိုဗစ် -၁၉ ကူးစက်မှုအန္တရာယ်ကြောင့် အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေ ပိုတိုးထားတဲ့အတွက် Britain's Got Talent ရိုက်ကူးထုတ်လုပ် ရေးကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

ယခုလနှောင်းပိုင်း လန်ဒန်မှာ ရိုက်ကူးရေးပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်၁၉ ကူးစက်မှုတွေ တဖြည်းဖြည်း များပြားလာတဲ့အတွက် အိုင်တီဗွီအနေနဲ့ ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းမှာ (၁၅) ကြိမ်မြောက် Britain's Got Talent ရိုက်ကူးရေးပြုလုပ်ဖို့ ရက်သတ်မှတ်ထားပေမယ့် အဲဒီအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပြီလို့ အိုင်တီဗွီက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Britain's Got Talent တိုက်ရိုက်ရိုက်ကူးထုတ်လွှတ်မှုအစီအစဉ်ကို ဧပြီလ မှာစပြုပြီး မေလမှာပြီးဆုံးလေ့ရှိပါတယ်။ အခုတော့ ရိုက်ကူးရေးတွေ နှောင့်နှေး ကုန်တာဖြစ်တဲ့အတွက် ပြသမယ့်ရက်တွေလည်း ပြောင်းလဲသွားမှာပါ။ စွမ်းရည် ကိုပြသတဲ့ ပြိုင်ပွဲကြီးမှာ လာရောက်ကြည့်ရှုသူပရိသတ် ၁၀၀ ကျော်ရှိပြီး ဒီလူတွေကို ကိုဗစ် - ၁၉ စည်းကမ်းချက်နဲ့အညီ ထိန်းသိမ်းသွားဖို့ဆိုတာ မလွယ်ကူလှပါဘူး။

စကိုင်းနယူး