ဗုဒ္ဓဘာသာကလျာဏယု၀အသင်းYMBA(ဗဟို)မှ ဖွဲ့စည်းထားသည့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့၏ (၁)နှစ်ပြည့် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၈

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းYMBA(ဗဟို)မှ ဖွဲ့စည်းထားသည့် သဘာ၀ဘေး အန္တရာယ်ကယ်ဆယ်ရေးအဖွဲ့၏ (၁)နှစ်ပြည့် အခမ်းအနားနှင့် အဖွဲ့၏ရုံးသစ်ဖွင့်ပွဲ အခမ်းအ နားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းရှိ YMBA ဗဟိုရုံး၀န်း၌ ကျင်းပသည်။

ဦးစွာ ဧည့်ပရိသတ်များက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များအား ဗုဒ္ဓဘာသာကလျာဏယု၀အသင်း YMBA(ဗဟို) ဥက္ကဌ ဦးရဲထွန်းနှင့် တာ၀န်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူးဒါန်းကြကာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့ သြဝါဒါစရိယ၊ တိပိဋကဓရ ဓမ္မမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝါယာ မိန္ဒာဘိ၀သံ (ရေစကြိုဆရာတော်)ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြသည်။

ယင်းနောက် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့၏ ရုံးသစ်အား YMBA ဥက္ကဌ ဦးရဲထွန်းနှင့် တာ၀န်ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဗုဒ္ဓဘာသာကလျာဏယု၀အသင်းYMBA ကို ၁၉၀၆ ခုနှစ် မေ ၁၀ ရက်က စတင်တည် ထောင်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာရပ်များ၏ အကျိုးစီးပွားကို ကြိုစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်