ဗုံးခြိမ်းခြောက်ခံရပြီးနောက် ဖေ့ဘွတ်ခ် ဌာနချုပ် ဘေးကင်းရာသို့ပြောင်းရွှေ့

နည်းပညာ ကုမ္ပဏီကြီးဖြစ်သော ဖေ့ဘွတ်ခ် ဌာနချုပ် ကို ပစ်မှတ်ထားပြီး ဗုံးခြိမ်းခြောက်ခံရမှု ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ က တုန့်ပြန်လုပ်ဆောင်ခဲ့သော်လည်း အဆိုပါ ဌာနချုပ်တွင် ပေါက်ကွဲစေတတ်သော အရာများမတွေ့ရှိခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားမြောက်ပိုင်း မန်လို ပန်းခြံထဲတွင်ရှိသည့်  ဖေ့ဘွတ်ခ် ဌာနချုပ်  ဗုံးခွဲတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူတစ်ဦး၏ ဖုန်းခေါ်ဆိုမှုကို နယူးယောက်ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် ထိုနယ်မြေရှိ ဖေ့ဘွတ်ခ် ဌာနချုပ်မှ အလုပ်သမားများကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့သည်ဟု ဆိုသည်။

ယင်းဌာနချုပ် အဆောက်အအုံများကို ရှာဖွေရေးခွေးများ အသုံးပြုပြီး ရှာဖွေမှုများလုပ်ဆောင်ခဲ့သော်လည်း မည်သည့် ပေါက်ကွဲပစ္စည်း မှ မတွေ့ရှိခဲ့ကြောင်း ထိုရဲတပ်ဖွဲ့က ယမန်နေ့ည ၈ နာရီ တွင် ကြေညာခဲ့သည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို