စာချုပ်မရှိဘဲ အီးယူမှ နုတ်ထွက်မှု ဆက်လက်လုပ်ဆောင်ရန်  ဗြိတိန်ကို ထရမ့်တိုက်တွန်း

လန်ဒန်  ၃ ဇွန်  

ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ(အီးယူ) မှ နုတ်ထွက်ရာတွင် သဘောတူစာချုပ်မပါဘဲ နုတ်ထွက်ရန်နှင့် နုတ်ထွက်ကြေးအဖြစ် ပေါင် ၃၉ ဘီလီယံကိုလည်း ပေးဆောင်ခြင်းမပြုဘဲငြင်းဆိုရန် အမေရိကန်သမ္မတ ထရမ့်က သည်ဆန်းဒေးတိုင်းမ် သတင်းစာသို့  ပြောသည်။    ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏  နေရာတွင်  နိုင်ငံခြားရေး ဝန်ကြီးဟောင်း      ဘောရစ်ဂျွန်ဆင်ကို အစားထိုးပါက            ကောင်းမွန်သည့် ဝန်ကြီးချုပ်တစ်ဦး   ဖြစ်လာနိုင်သည်ဟု   ထင်မိကြောင်း  ထရမ့်က    ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ဇွန်လ  ၇  ရက်တွင်  ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးအဖြစ်မှ        နုတ်ထွက်မည်ဖြစ်သည်။  ဗြိတိန်ပါလီမန်တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန်  မစွမ်းဆောင်နိုင် ခဲ့သည့်နောက်ပိုင်းတွင် ရာထူးမှနုတ်ထွက် ရန်ဖြစ်လာခဲ့သည်။  အမေရိကန်သမ္မတ ထရမ့်သည် တနင်္လာနေ့မှစကာ ဗြိတိန်သို့ သုံးရက်ကြာခရီး      လာရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း  ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ၂ နှင့်တွေ့ဆုံသွားမည်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။    သည်ဆန်း ဒေးတိုင်းမ်  သတင်းစာနှင့်  အင်တာဗျူးတွင်  ထရမ့်က  ဗြိတိန်အစိုးရသည်   နုတ်ထွက်ရေးစာချုပ်ကိုဆွေးနွေးရာ၌ ၄င်း၏စည်းမျဉ်းများအတိုင်း  လုပ်ဆောင်သွား သင့်ကြောင်း ပြောခဲ့သည်။

“တကယ်လို့များ      ဗြိတိန်အစိုးရ အလိုရှိတဲ့      သဘောတူညီမှု၊    မျှတမှုရှိ  တဲ့    သဘောတူညီမှု      မရခဲ့ဘူးဆိုရင် ဒီစာချုပ်ကို ဒီအတိုင်းထားခဲ့ဖို့ပဲရှိတယ်” ဟုပြောသည်။  ၂၀၁၆ခုနှစ်က  ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ဗြိတိန်မဲဆန္ဒရှင်အများစုက ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် မဲပေးခဲ့ကြသည်။

ယင်းကဲ့သို့ နုတ်ထွက်မှုမှာ ယခုနှစ် မတ်လတွင်  လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဗြိတိန်ပါလီမန်တွင် သဘောတူညီမှု မရသည့်အတွက်        နှစ်ကြိမ်တိုင်တိုင် နှောင့်နှေးကြန့်ကြာခဲ့ရသည်။  ဗြိတိန်နိုင်ငံသို့ သမ္မတထရမ့်  လာရောက်မှုမှတစ်ဆင့် ဗြိတိန်နှင့် အမေရိကန်တို့ကြား လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ဆက်လက်ဖော်ဆောင်နိုင်မည်ဟု ဗြိတိန်ဘက်က မျှော်လင့်ထားသည်။

ဝန်ကြီးချုပ်  ထရီဆာမေနုတ်ထွက်မည်ဟု ကြေညာမှုအပြီး ကွန်ဆာဗေးတစ် အမတ်များသည်  ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်ကြရန် ပြင်ဆင်နေကြသည်။ ထိုအထဲတွင် နိုင်ငံ ခြားရေးဝန်ကြီးဟောင်း  ဂျွန်ဆင်သည် ရေပန်းစားလျက်ရှိသည်။ 

အေအက်ဖ်ပီ