စာဖတ်ရှိန်မြှင့်တင်ရေး နန်းယွန်းမြို့နတလကျောင်းတွင် မိုဘိုင်းစာကြည့်တိုက် ဆောင်ရွက်

နန်းယွန်း  ၂၉   ဇူလိုင်    


ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် စာပေဗဟုသုတများရရှိအောင်၊ စာပေမရရှိသည့် အကျိုးကျေးဇူးများကို ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက နန်းယွန်းမြို့ လူငယ်သင်တန်းကျောင်းသို့ သုတ၊ ရသ၊ စာအုပ်ပေါင်း၂၀ဝ အုပ်ဖြင့် ဇူလိုင်(၂၈)ရက်နေ့ ညနေ(၂)နာရီက လက်ဝယ်အရောက် ဌားရမ်းဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။


နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို နန်းယွန်းမြို့ ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများက အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


နန်းယွန်း (ပြန်/ဆက်)