စာဖတ်သူတိုးပွားရေး စာအုပ်များ ကွင်းဆင်းငှားရမ်းပေး

ဒေးဒရဲ   ၂    သြဂုတ် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာရုံးများ စာအုပ်စာပေ ချစ်မြတ်နိုးစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်သူတိုးပွားရေး စာအုပ်များ  ကွင်းဆင်း ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့  စာအုပ်များ  ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။


အဆိုပါ ရွေ့လျားစာကြည့်တိုက်ကို ဌာနဆိုင်ရာ ရုံးများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် ကျောင်းများသို့ အလှည့်ကျ သွားရောက် ငှားရမ်းပေးလျက်ရှိပြီး တစ်ကြိမ်လျှင် သုတရသ စာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်းနှင့် ဝတ္ထုစာအုပ်များ စုစုပေါင်း စာအုပ်ရေ (၁၀ဝ)ခန့် သယ်ဆောင်ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက် ကျေးရွာနေ ပြည်သူများကို ငှားရမ်းပေးခဲ့ပြီး ထိုသို့ ငှားရမ်းပေးခဲ့သော စာအုပ်များကို တစ်ပတ်လျှင် တစ်ကြိမ်အပတ်စဉ် လဲလှယ်ငှားရမ်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ခိုင် (ပြန်/ဆက်)