စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန်  ၁၂  

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး  ပါမောက္ခချုပ်ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

 

စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၀၅)သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား(၂၀၁)ဦး၊ သင်တန်းသူ(၂၉၁)ဦး၊ စုစုပေါင်း(၄၉၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)