စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃) ကျင်းပ

နေပြည်တော်၊ မေ ၂၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန စစ်ဆေး ရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာစားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ချို တက်ရောက်အမှာစကား ပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၂ ရက်မှ မေလ ၂၆ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၄၀) ဦး တက်ရောက်ကြကြောင်း၊  အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်သွားရမည့် အချက်များနှင့်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများက  ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)