စစ်ကိုင်းမြို့ အသင်္ခယာအဝိုင်းပတ်အနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

စစ်ကိုင်း ၁၇ မတ်

 

စစ်ကိုင်းမြို့၊ အသင်္ခယာ အဝိုင်းပတ်အနီး မန္တလေးဘက်မှ ရွှေဘို-မုံရွာဘက်သို့သွားသော သောက်ရေသန့်ဗူးများ တင်ဆောင်လာသည့် ယာဉ်မောင်း ကိုအေဇင်တိုး၊ မောင်းနှင်လာသော Canter အမျိုးအစား ခြောက်ဘီးယာဉ် 6B------ မော်တော်ယာဉ်သည် မတ် ၁၆ ရက်ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် နောက်တန်းကျိုးပြီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း အမှတ် -၁၀၅-ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း)မှ သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှု နေရာသို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အရေးပေါ်ကယ်ဆယ်ရေးအဖွဲဒ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ချက်ချင်းရောက်ရှိလာပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

mdn

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကိုအေဇင်တိုး အား အမှတ်-၁၀၅-ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(စစ်ကိုင်း)မှ မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၉(ခ)ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

 

စစ်ကိုင်းခရိုင်ပြန်/ဆက်