စစ်ကိုင်းမြို့ မင်းလမ်းရပ် နေအိမ်အတွင်း ဖောက်ထွင်းမှုဖြစ်ပွား  

စစ်ကိုင်း  ၇  စက်တင်ဘာ 


စစ်ကိုင်းမြို့ မင်းလမ်းရပ် နယ်မြေ (၃)(အောင်လျှံသော် ) ကဖေးအနီး ကိုငွေမင်းလူလူ၊ ဇနီး မဇင်မာမြင့်ကျော် နေအိမ်တွင် စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် က ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့သည်။


ဖောက်ထွင်းမှုကြောင့် နေအိမ်အိပ်ခန်း ဘီရိုအတွင်းမှကလေး  ရွှေလက်ကောက် (၄) ကွင်း ရွှေဆွဲကြိုးလော့ ကတ်သီးပါ(၁)ကုံး နားကပ် (၁)ရံ  စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း (၂၀) ခန့် ပျောက်ဆုံးသည်ဟု သိရပြီး အမူဖြစ်စဉ်အား အမှတ် ၁ ရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။


ခိုင်ဇေယျ