စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၄ ဇူလိုင် 
    

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဇူလိုင်- ၁ ရက်မှ ၃ ရက်အတွင်း သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်း တရားမဝင်ပိတောက်/ ကညင်/ကတွက်ခွဲသား ၊ (၅၈ ဒသမ ဝ၀၉၄) တန် ကျူးလွန်သူ(၂)ဦးတို့အား  ဖမ်းဆီးရမိခဲ့သည်။           

    
ထို့ပြင် စဉ့်ကူးမြို့နယ်၊ ပြကျေးရွာ အောက်ဘက်(၂)မိုင်ခန့်အကွာ ဧရာဝတီမြစ်အတွင်းမှ တရားမဝင် သစ်ယာ/အင်ကြင်း/သပြေ/ဖန်ခါး သစ်ခန့်မှန်း(၁၀)တန်ခန့်အား ၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ချိုင်စောင့်ကျေးရွာ၏ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ၊ ချိုင်ဇောက်ချောင်းအနောက်ဘက်ကမ်းစပ်နေရာမှတရားမဝင် ကျွန်း/အင်ကြင်း/ အင်ခွဲသား ၊ (၂ ဒသမ ၉၅၄၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။ 


မောင်လူမော် 

 

1