စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၀  ဧပြီ

 

သစ်တောဦးစီးဌာန၊ ဝန်ထမ်းများအဖွဲ့၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၇ ရက်မှ ၉ ရက်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသ ကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်း/ ကညင်ခွဲသား (၂၁ ဒသမ ၆၂၈)တန်နှင့် ကျူးလွန်သူ (၁)ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

t1

 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ နန်းကြီးကြိုးဝိုင်းအကွက် (၂၂)အတွင်း (နန့်သတ်ရွာ၏အနောက်ဘက် ၂မိုင်ခန့်အကွာ)နေရာ၌ တရားမဝင် ကျွန်းနှင့် သစ်မာ သစ်/ခွဲသား (၂၃ ဒသမ ၉၈၂၆)တန်အားလည်းကောင်း၊ ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်၊ ပူတာအို မြို့နယ်၊ ပမ္မတီးကျေးရွာအနောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကြေးလံ သစ်လုံး /ခြမ်း၊ စုစုပေါင်းတန်(၉၀)ခန့်နှင့်သစ်စက်(၁)လုံးအားလည်းကောင်း၊ မြစ်ကြီးနား မြို့နယ်၊ ပလန(၅)ကျေးရွာအနီး၊ နန်ကျင်ချောင်းဘေးတွင် တရားမဝင်ကြေးလံ/ကညင်/ သပြေသစ်လုံး (၇၅ ဒသမ ၇၄၄)တန်အားလည်းကောင်း၊

 

t3

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဒုဌဝတီမြစ်ကြောင်းတစ်လျှောက် နယ်မြေ ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ရဲရမန်းကြိုးဝိုင်း၊ အကွက်အမှတ်(၁၂၁)အတွင်း၊ ပန်းပုချောင်း ရိုးတစ်လျှောက်တွင် တရားမဝင် ကျွန်း/အင်ကြင်းသစ်/ (၉ ဒသမ ၅၅၇၄)တန်အားလည်းကောင်း၊

 

t5

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲပလဲသောင်ရင်း ကြိုးဝိုင်းအကွက်(၇)အတွင်း တရားမဝင် အခြား သစ်လုံး(၂၅)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

မောင်လူမော်