စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ 

နေပြည်တော် ၁၉ မတ် 

ပြ‌ည်သူပူးပေါင်းပါဝင်မှု လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ မတ် ၁၆ ရက်မှ ၁၇ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် နန်းကြီးသာကြိုးပြင် ကာကွယ်တောအတွင်း ဆိုင်ကယ်(၅)စီးပေါ်မှ တရားမဝင် အင်/ တမလန်း/ လုံးပတ် ၃ ပေအောက်အင် သစ်/ ခွဲသား/ ခွဲခြမ်း ၆၁ ဒသမ ၁၇၆၀ တန်နှင့်အတူ ချိန်းဆော (၁)လက်၊ အင်ဂျင် (၂)လုံး၊ လွှဝိုင်း (၂) ဝိုင်းနှင့် ဆက်စပ်ပစ္စည်း(၉) မျိုးကိုလည်းကောင်း။

မော်လိုက်ခရိုင် မော်လိုက်မြို့နယ် မော်ကူးကြိုးဝိုင်းတွင် တရားမဝင်ကျွန်း/ ပျဉ်းကတိုး သစ်/ခွဲသား ၂၄ ဒသမ ၄၉၁၄ တန်ကိုလည်းကောင်း၊ ကလေးခရိုင် ကလေးမြို့နယ် နေရဉ္ဇာချောင်းအနီး၊ ကံကြီးရွာတောင်ဘက်တွင် တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ နှောခွဲသား ၁၄ ဒသမ ၆၂၀ဝ တန်ကိုလည်းကောင်း၊ ကျောက်မဲခရိုင် မဘိမ်းမြို့နယ် နမ့်မဲကြိုးဝိုင်းမှ တရားမဝင် ကျွန်းသစ်/လုံးပတ် ၃ ပေအောက် ကျွန်းသစ် ၈ ဒသမ ၇၁၀ဝ တန်တို့ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် (၂၅x၂၆) လမ်းကြား သင်္ဂဟာချောင်းဘေး၌ မော်တော်ယာဉ်အမှတ် (MDY-2B/2189) TOYOTA ဒိုင်နာ(၆)ဘီး အစိမ်းရောင် ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား ၂ ဒသမ ၁၇၁၂ တန်နှင့် တရားခံ(၂)ဦးကိုလည်းကောင်း၊ ကချင်ပြည်နယ်၌ တရားမဝင် သစ်လောက်ယား/ စကားဝါသစ်လုံး ၁၅၀ဝ ခန့် ဘန်းဆော(၂)လုံး၊ သစ်တင်ကရိန်းကားတစ်စီး၊ သစ်တင်ထားသော (၁၂)ဘီးကားတစ်စီးနှင့်အတူ တရားခံ(၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။     
            
ဂျိုင်းလော