စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်း

မုံရွာ  ၁၇  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် မသန်စွမ်းသူများအသင်း ဖွဲ့စည်းခြင်းကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ မသန်စွမ်းသူများအသင်း ဖွဲ့စည်းရခြင်းနှင့် ရွေးကောက်မည့်အစီအစဉ်နှင့် မဲပေးရွေးချယ်မည့်အစီအစဉ်အား ရှင်းလင်းပြောကြားကာ ခရိုင်(၁၀)ခုမှ စိစစ်ရွေးချယ်ပေးပို့သော ကိုယ်စားလှယ်လောင်းများမှ အသင်းအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဥက္ကဋ္ဌ တို့အား မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ရွေးချယ်တင်မြှောက်ခံ အသင်းအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုမှ ခရိုင်ကိုယ်စားလှယ်များအဖြစ် (၄၇)ဦး ရွေးချယ်ထားရာ ၎င်းအထဲမှ အသင်းအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဥက္ကဋ္ဌများကို အစည်းအဝေးတက်ရောက် လာသူများမှ မဲစနစ်ဖြင့် စိစစ်ရွေးချယ်တင်မြှောက်ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)