စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိ

 

 

နေပြည်တော်၊ ဇွန် ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ကမ်းနားလမ်း၊ အမြန်ရေယာဉ် ဆိပ်အနီးတွင် ဇော်မျိုးဝင်း (ခ) ဖိုးပြား မောင်းနှင်ပြီး နောင်နောင် (ခ) မြင့်နောင် လိုက်ပါလာသည့် SUZUKI မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ သမ ၇၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်