စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၅  ဧပြီ

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက်မှ ၄ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နွယ်သဇင်ထမင်းဆိုင်ရှေ့တွင် (၆)ဘီးယာဉ်(၃)စီးပေါ်မှ တရားမဝင် လုံးပတ်၃ပေ အောက်အင်သစ်/အင်ခွဲသား/ဖရုံခြမ်း စုစုပေါင်း (၃၉၇)လုံး/ချောင်း/ခြမ်း (၁၆ဒသမ၅၇၇၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦး ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်စက်(၄)လုံးနှင့် ကျွန်း/သစ်မာ သစ်လုံး/ခွဲသား စုစုပေါင်း (၃၀၄၃)လုံး/ချောင်း (၆၉ဒသမ၈၇၃၆) တန်အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၆၀/ဝ)အနီး၊ လမ်းအရှေ့ဘက်ဆည်ပေါင် လမ်းပေါက်အတွင်းနှင့် ဘောနတ်ကြီးရွာမြောက်ဘက် နေရာတို့မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက်ခွဲသား(၈၀)ချောင်း (၈ဒသမ၂၈၄၂)တန်၊ ပေါင်(၉၀)ဝင် မီးသွေးအိတ်(၂၇၀)အိတ် (၈၆ဒသမ၄၀)တန်၊ ယာဉ်(၁)စီးအားလည်းကောင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်(၁၁၉/၁)နှင့် (၁၁၉/၂)ကြားနှင့် မိုင်တိုင်အမှတ် (၁၁၉/၃)နှင့် (၁၁၉/၄)ကြားနေရာတို့တွင် ရပ်တန့်ထားသော Nissan Cara Van တစ်စီးနှင့် ဖောကားအနီရောင်ယာဉ်တစ်စီးတို့ပေါ်မှ တရားမဝင်ကျွန်း/ ပိတောက်ခွဲသား (၃၇၃)ချောင်း (၃ဒသမ၆၆၄၂)တန်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ဒဟတ်တော ကျေးရွာအုပ်စု၊ မြကန်သာကျေးရွာ အရှေ့မြောက်ဘက်ရှိ မြေကွက်လပ်တွင် စုပုံထားသော တရားမဝင်ကျွန်း/ပျဉ်းကတိုး/ပိတောက်/ယမနေ/အခြား သစ်လုံး/ခွဲသား စုစုပေါင်း (၁၆၃) လုံး/ချောင်း (၁၁ဒသမ၇၃၆၈)တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

 

(မောင်လူမော်)

 

mdn