စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ  ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် လှူဖွယ်ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။ 

ထိုသို့လှူဒါန်းလျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တမူးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတက်ထွန်းမောင်နှင့် ဝန်ထမ်းများက စစ်ကိုင်း တိုင်းဒေသကြီး၊ တမူး ခရိုင်၊ တမူးမြို့နယ်၊ မြေနီကုန်း ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ များအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်