မုံရွာ ဇွန် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်သည့်အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ မုံရွာကုန်စည်ဒိုင်အတွင်း သီးနှံများ ရောင်းဝယ်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)