စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၇၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့အခမ်းအနား တက်ရောက်

မုံရွာ     မေ     ၅

စစ်ကိုင်းတိုင်းဒေသကြီး ၇၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ ၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး ဝင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်ဝန်ထမ်းများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက သစ္စာ(၄)ချက်အား ရွတ်ဆိုကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ အသိပညာပေး ရုပ်ပုံများ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးမှတ်တမ်း ဓာတ်ပုံများကို လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ကယ်စွမ်းရည် သရုပ်ပြသခြင်း၊ အဆင့်မြင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် သရုပ်ပြသခြင်းနှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သရုပ်ပြသကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)