စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်ဒိုင်လူကြီးသင်တန်း ဆင်းပွဲ အခမ်းအနားသို့တက်ရောက်ပြီး တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

 

 

နေပြည်တော် နိုဝင်ဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ၂၀၂၂-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်လူကြီးသင်တန်း ဆင်းပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။

 

အဆိုပါအခမ်းအနားများသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဖူဆယ်ဒိုင်လူကြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြား၍ သင်တန်းနည်းပြများထံ ဂုဏ်ပြုထောက်ပံ့ငွေကျပ် သိန်း ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  တာဝန်ရှိသူများနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍  အမှာစကားပြောကြားကာ အသင်းအုပ်ချုပ်သူထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၄၅ သိန်းပေးအပ်သည်။

 

mdn

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၂) သို့  တက်ရောက် အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က အောက်တိုဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့မှုများကို Power Point ဖြင့် ရှင်းလင်း တင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်