စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၊ မုံရွာ တပ်နယ်ရှိ မိသားစုဝင်များအား တွေ့ဆုံ၊ မုံရွာမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး နှင့် တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ၊ မုံရွာ တပ်နယ်ရှိ မိသားစုဝင်များအား တွေ့ဆုံ၊ မုံရွာမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး နှင့် တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရောက်ရှိနေကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့နယ် တက္ကသိုလ်၊ ကောလိပ်အသီးသီးနှင့် အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ တွေ့ဆုံသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွက် အာဆီယံသဘောတူညီချက် (၅) ရပ်အပေါ် လက်ရှိဆောင်ရွက် နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာ ကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့၊ တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ မုံရွာတပ်နယ်မှ မိသားစုဝင် များအား တွေ့ဆုံအမှာစကား ပြောကြားပြီး တပ်နယ်မိသားစုများကို စားသောက်ဖွယ် ရာများ ပေးအပ်သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

 

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော တပ်မတော်သားများ၊ တပ်မတော်သားမိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်